Yangon

Today
72.5 F (22.5 C)

Tomorrow
72.5 F (22.5 C)
Editor's Choice
မြန်မာနိုင်ငံက CB ဘဏ်နဲ့ စင်ကာပူအခြေစိုက် OCBC ဘဏ်တို့ဟာ မြန်မာ့ဘဏ်လုပ်ငန်း ပိုမိုတိုးတက်လာဖို့ အပြင် အချင်းချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို ဇူလိုင် ၂ရက်က ရန်ကုန်မြို့ CB ဘဏ် ရုံးချုပ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
OCBC ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နည်းပညာဗဟုသုတတွေ အများကြီးရလာပြီး CB ဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းမှာ ရှေ့ရောက်နိုင်မှာ ဖြစ်သလို သင်တန်းပေးခြင်းတွေအပြင် ဝန်ဆောင်မှုအပိုင်းတွေပါ ပိုပြီးပူးပေါင်း လုပ်ဆောင်နိုင်ရင်တော့ နိုင်ငံရဲ့ စီးပွားရေးအတွက်လည်း ကောင်းကျိုးတွေ ရနိုင်တယ်လို့ CB ဘဏ်ရဲ့ CEO ဖြစ်တဲ့ ဦးကျော်လင်းက ပြောပါတယ်။
ရန်ကုန်မှာ ဘဏ်ခွဲလာရောက် ဖွင့်လှစ်ထားတဲ့ OCBC ဘဏ်ဟာ ပုဂ္ဂလိကဘဏ် ၇ခု၊ နိုင်ငံပိုင်ဘဏ် ၃ခုတို့နဲ့ ပူးပေါင်းပြီး ငွေကြေးစီမံခန့်ခွဲမှု၊ ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးတွေကို လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။
မြန်မာပြည် ဈေးကွက်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ OCBC ဘဏ်ဟာ မြန်မာပြည်တွင်း ဘဏ်တွေ အဆင့်မီ တိုးတက်ပြီး နိုင်ငံတကာ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်တဲ့အထိ သူတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေကို အသုံးချပြီး ကူညီသွားမယ်လို့ Samuel Tsein က ဆိုပါတယ်။ သူတို့ရဲ့ ဒီလိုပါဝင် လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးတက်လာစေမယ်လို့ လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။
- About Us
- Sales & Advertising
- Marketing
- Job Opportunities
- Our Correspondents
- Our Partners
- Terms & Conditions
- Contact Us
- Kamayut Media © 2014