Yangon

Today

83.3 F (28.5 C)

Tomorrow

83.3 F (28.5 C)

Editor's Choice

ရေလုပ်ငန်းအတွက် စမ်းသပ်တွေ့ရှိမှုအသစ် Artemia ဆိုတာ ဘာလဲ
Posted by: Kamayut MEDIA Video-editer on June 10, 2015 at 19:35 PM

၂ ပတ် တစ်ကြိမ်ကျင်းပနေကျဖြစ်တဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဇွန် ၉ရက်နေ့ ဆွေးနွေးပွဲမှာတော့ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမယ့် Artemia စမ်းသပ်မွေးမြူမှု အောင်မြင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ Artemiaက ဘာတွေအကျိုးရှိစေမှာလဲ။

Artemia ဆိုတာ ပုစွန်၊ ဂဏန်းနဲ့ ငါးသားပေါက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သက်ရှိအစာတစ်ခုဖြစ်ပြီး Artemia ကောင်းကောင်းကျွေးနိုင်တဲ့ နိုင်ငံတွေဟာ ဥပေါက်တဲ့နေရာမှာ အောင်မြင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ Artemia ကို ပုစွန်၊ ဂဏန်းနဲ့ ငါးသားပေါက်တွေအတွက် ရေထဲထည့်ပေးလိုက်ရင် ၂၄နာရီအတွင်း သက်ရှိဖြစ်လာပြီး ပရိုတိန်းဓာတ်လည်း ကြွယ်ဝစေတယ်လို့ စမ်းသပ်အောင်မြင်ခဲ့သူ ဒေါက်တာ အောင်ကျော်ဇော်က ပြောပါတယ်။

Artemia တွေဟာ သက်ရှိဖြစ်ပြီး ၂ပတ်ကျော်လာရင် ပိုမိုကြီးထွားလာသလို အဲ့လိုအကောင်တွေ များများစုထားထာကို Artemia Biomass  လို့ခေါ်တဲ့အကြောင်းလည်း ရှင်းပြပါတယ်။ ထိုင်းနိုင်ငံမှာတော့ Artemia Cysts တွေနဲ့ Biomass တွေကို အသုံးပြုနေရပြီး မွေးမြူရေးအစာအဖြစ် ကျွေးလို့ရသလို လူတွေလည်း စားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာရေလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာပိုင်း အောင်မြင်နေတဲ့ ဗီယက်နမ်နိုင်ငံနဲ့လည်း ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဗီယက်နမ်မှာ Artemia ကို ၅ ရာခိုင်နှုန်းပဲ ထုတ်နိုင်ပေမယ့် ပုစွန်မွေးမြူရေးဟာ အောင်မြင်နေပြီး မြန်မာနိုင်ငံမှာတော့ ပုစွန်သားပေါက်မရှိလို့ Artemia မွေးမြူပြီးမှ ပုစွန်မွေးမြူရေးကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ဒေါက်တာ အောင်ကျော်ဇော်က ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ Artemia Cysts ရော၊ Artemia Biomass ပါ ၂မျိုးလုံး စမ်းသပ်အောင်မြင်ပြီး ဖြစ်သလို နည်းပညာနဲ့ စမ်းသပ်ကိရိယာတွေအပြင် လိုအပ်တဲ့အကူအညီတွေအတွက် EU နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

comments powered by Disqus