Yangon

Today

72.5 F (22.5 C)

Tomorrow

72.5 F (22.5 C)

Editor's Choice

လမုန့်ပွဲတော် ရောက်တော့မယ်
Posted by: Kamayut MEDIA Video-editer on August 30, 2014 at 21:20 PM

လာမယ့် စက်တင်ဘာ ၈ရက် တော်သလင်းလပြည့်နေ့မှာ လပြည့်ဝန်းကြီးနဲ့အတူ မုန့်စားဖို့ လမုန့်တွေ ဝယ်ပြီးကြပြီလား။ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို Moon Cake Festival ကိုတော့ ဆောင်းဦးပွဲတော်လို့လည်း ခေါ်ကြပါတယ်။

လမုန့်ပွဲတော်ဟာ တရုတ်နဲ့ ဗီယက်နမ် ပြက္ခဒိန်တွေမှာတော့ သြဂုတ် ၁၅ရက်နေ့ဖြစ်ပေမယ့် အင်္ဂလိပ်ပြက္ခဒိန်မှာတော့ စက်တင်ဘာ ၈ရက်နေ့ဖြစ်ပါတယ်။ လမုန့်ပွဲတော်ဟာ အာရှနိုင်ငံတွေကို ကူးစက်ပြီး ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေမှာ လမုန့်တွေ ပျော်ပျော်ပါးပါး ရောင်းချနေကြပါတယ်။

ပွဲတော်နေ့ လပြည့်ညမှာသာတဲ့ လဝန်းကြီးဟာ တစ်နှစ်အတွင်း အတောက်ပဆုံး၊ အဝိုင်းစက်ဆုံးလို့ ယုံကြည်ကြသလို ဝေးကွာနေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ စုစည်းကြပြီး လမုန့်ကို ပျော်ရွှင်ကြည်နူးစွာ စားသောက်ကြရတာပါ။

၂ဝဝ၇ကစပြီး လမုန့်တွေကို မိတ်ဆက်ခဲ့တဲ့ ချက်ထရီယံဟိုတယ်က ဒီနှစ်မှာ ကျရောက်မယ့် လမုန့်ပွဲတော်အတွက် ခေတ်စားလာတာ ၃နှစ်လောက်ရှိတဲ့ ဖုတ်ထားတဲ့ လမုန့်မဟုတ်ဘဲ ဖုတ်စရာမလိုတဲ့ Snow Skin လမုန့်တွေကို မိတ်ဆက်နေပါတယ်။ အချင်းချင်း လက်ဆောင်ပေးကြဖို့ ဝယ်ယူကြတဲ့အကြောင်းနဲ့ ဈေးနှုန်းတွေကို မသဉ္ဇာမြတ်မွန်က ပြောပြပေးမှာပါ။

ချက်ထရီယံဟိုတယ်က လမုန့်အများစုကတော့ စင်္ကာပူစတိုင်လ် ပျော့ပျော့အိအိလေးတွေဖြစ်ပြီး တစ်နှစ်နဲ့တစ်နှစ် မတူအောင် ဆန်းသစ်တီထွင်နေတဲ့ တရုတ်စားသောက်ဆိုင် စားဖိုမှူးကြီး ချက်တီချုပ်ကလည်း လမုန့်တွေ လက်တွေ့လုပ်ပြပြီး ရှင်းပြပေးပါတယ်။

ဒဂုံ ၁ ကျောင်းဘေးက နဝဒေးလမ်းထဲမှာရှိတဲ့ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်ကတော့ လားရှိုး၊ ထိုင်းနဲ့ မန္တလေးကလာတဲ့ လမုန့်တွေကို အများဆုံးရောင်းချတယ်လို့ ဆိုပါတယ်။ သူတို့ဆိုင်မှာ ရောင်းနေတဲ့ လမုန့်အများစုကတော့ ယူနန်ရိုးရာစတိုင်လ်ဖြစ်ပြီး သိပ်မပျော့ဘဲ ခပ်ရွရွမုန့်သားရှိပါတယ်။

မိုးကောင်းမုန့်တိုက်က သူတို့လုပ်တဲ့ လမုန့်အမျိုးအစားတွေ၊ လမုန့်ပွဲတော်အကြောင်း ကိုစိုးမိုးထွန်း ရှင်းပြတာလေးကိုလည်း နားထောင်ကြည့်ပါဦး။

comments powered by Disqus