Yangon

Today

81.7 F (27.6 C)

Tomorrow

81.7 F (27.6 C)

Editor's Choice

နှစ်ကူးဟင်းလျာတွေထဲက အေးမြစေမယ့် Deep Fried Prawn
Posted by: Kamayut MEDIA Video-editer on February 13, 2015 at 18:02 PM

ဆိတ်နှစ် (သိုးနှစ်)ကို ကူးပြောင်းတော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်မှာ ဆုတောင်းတဲ့အခါ မပါမဖြစ်တဲ့ ယီဆန်းအစားအစာကို ကမာရွတ်က တင်ပြခဲ့ပြီးပါပြီ။ တစ်ခါမှာတော့ ယီဆန်းနဲ့အတူ တွဲဖက်စားသုံးရတဲ့ ဟင်းလျာတွေထဲက အေးမြခြင်းကိုခံစားရစေမယ့် နှစ်ကူးဟင်းလျာတစ်ခွက်ကို မိတ်ဆက်ပေးချင်ပါတယ်။

Deep Fried Prawn တစ်ခွက်ရဖို့ ပုစွန်တုပ်အစိမ်းကို အခွံမခွာဘဲ အကောင်လိုက် အရသာနှံ့နေအောင် နယ်ရပါမယ်။ နယ်ထားတဲ့ ပုစွန်တုပ်ကို ဂျုံမှုန့်ကပ်ပြီး ဆီပူပူထဲနစ်နေအောင် ကြော်ရပါမယ်။ အခွဲထဲက အသားကျက်လောက်ပြီဆိုမှ ပုစွန်ကို ဆယ်ယူရမှာပါ။ တွဲဖက်မယ့် Sauceကိုတော့ သံပုရာ၊ လီမွန်၊ သကြားနဲ့ ငရုတ်သီးစိမ်းကို ကြိတ်ထားတဲ့ ချဉ်စပ်အရသာကို ပုစွန်ပေါ်လောင်းချလိုက်တဲ့အခါ အေးမြခြင်းအရသာကို ရမှာပါလို့ ချက်ထရီယံဟိုတယ်မှာ ဖွင့်ထားတဲ့ Tiger Hill Chinese Cuisineက ဦးဝင်းမော်က ရှင်းပြပါတယ်။

ဖေဖော်ဝါရီ ၅ရက်ကစပြီး ၂၅ရက်နေ့အထိ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း စားသုံးလိုသူတွေ Bookingစာရင်းတင်နိုင်ပြီး နှစ်သစ်ကူးအစားအစာ ယီဆန်းကို Sea Bass အစိမ်း၊ ဆယ်လမွန်အစိမ်းတို့နဲ့ တွဲဖက်သုံးဆောင်နိုင်သလို Set Menu နဲ့လည်း မှာယူနိုင်ပါတယ်လို့ မထရီဇာက ဆိုပါတယ်။ ပွဲတော်ကာလအတွင်း ကံသစ်ပင်က အံပေါင်းတွေချိတ်ထားတာကိုလည်း Tiger Hill မှာ ကံစမ်းနိုင်တယ်လို့ ပြောပါတယ်။

comments powered by Disqus