Yangon

Today

72.5 F (22.5 C)

Tomorrow

72.5 F (22.5 C)

Editor's Choice

ဗန်းမော် ငါးမုန့်တီ ပူပူနွေးနွေးလေး ချက်စားကြမလား
Posted by: Kamayut MEDIA Video-editer on May 23, 2015 at 13:52 PM

အရပ်သား ငါးမုန့်ဟင်းခါးကို စားနေကျဖြစ်လို့ အီနေတဲ့ပရိသတ်ကြီးအတွက် နွေအကုန်မိုးအကူး အအေးဝင်ခါစမှာ ပူပူနွေးနွေးစားဖို့ ကချင်စတိုင်လ် ဗန်းမော်ငါးမုန့်တီအကြောင်း ပြောပြပေးပါမယ်။ မြန်မာရဲ့အထင်ကရအစားအစာဖြစ်လို့ နိုင်ငံခြားသားတွေပါ စိတ်ဝင်စားတဲ့ငါးမုန့်ဟင်းခါးနဲ့ ဗန်းမော်ငါးမုန့်တီ ဘာကွာလဲ။

ငါးအနှစ်နဲ့ငါးဟင်းခါးနှစ်မျိုးလုံး ထည့်စားရတဲ့ ဒီဗန်းမော်ငါးမုန့်တီကို ချက်ပြမယ့် မလီခူးစားသောက်ဆိုင်က မသန္တာဦးကတော့ နှစ်ပိဿာအလေးချိန်ရှိတဲ့ ငါးကြင်းကိုပြုတ်ပြီးဆူးထုတ်၊ ပြီးရင် ဆီနဲ့လေးနာရီကြာအောင် လှော်ပြီးမှ အနှစ်ချက်ရတာဟာ ဒီမုန့်တီရဲ့ လျှို့ဝှက်ချက်လို့ ပြောပါတယ်။

ဗန်းမော်ငါးမုန့်တီပြင်တော့မယ်ဆိုရင် ဆီ၊ ဆားနဲ့နယ်ထားတဲ့ ပြုတ်ပြီးသား မြီးရှည်ဖတ်ကို ပန်းကန်ထဲထည့်၊ လှော်ချက်ထားတဲ့ ငါးအနှစ်ကို ထပ်ထည့်ပါ။ အဲဒီနောက် တို့ဟူးကြော်၊ ငါးဖယ်၊ ဘရာကြော်၊ ကြက်သွန်ဖြူဆီချက်၊ နံနံပင်၊ ပြုတ်ပြီးသားမုန်ညင်းရွက်နဲ့ အနံ့အတွက် ပဒဲကောဥထည့်ပြီး ငရုတ်ကောင်းမှုန့်ဖြူးပါ။ နောက်ဆုံးမှာတော့ ငါးအနည်းငယ်၊ ဂျပန်ငါးဥမုန့်၊ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူတွေ ရောချက်ထားတဲ့ငါးဟင်းခါးကို လောင်းထည့်လိုက်ရင်တော့ ကချင်စတိုင်ဗန်းမော်ငါးမုန့်တီ စားသုံးနိုင်ပါပြီ။

ဗန်းမော်မုန့်တီနဲ့တွဲဖက်စားသုံးဖို့ မျှစ်ချဉ်ဟာ အလိုက်ဖက်ဆုံးဖြစ်ပေမယ့် ရှမ်းခေါက်ဆွဲကြိုက်တဲ့ မြန်မာပရိသတ်တွေအတွက် မုန်ညင်းချဉ်၊ ငရုတ်သီးချက်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

comments powered by Disqus