Yangon

Today

81.9 F (27.7 C)

Tomorrow

81.9 F (27.7 C)

မဆလာ အဓိကထားတဲ့ အိန္ဒိယနံပြားနဲ့ တိုရှည်
Posted by: Kamayut MEDIA Video-editer on May 31, 2015 at 17:02 PM

အနံ့အရသာမှာ စားသုံးသူတွေကို ကောင်းကောင်းကြီး ဆွဲဆောင်နိုင်တဲ့ အိန္ဒိယ အစားအစာတွေ ကြိုက်နှစ်သက်တဲ့ ကမာရွတ်ပရိသတ်တွေကို အိန္ဒိယ လက်ရာစစ်စစ်တွေရောင်းတဲ့ India Tadka ဆိုင်က နံပြားနဲ့ တိုရှည်ကို တခြားလက်ရာတွေနဲ့ မတူအောင် လုပ်နည်းလေး ပြောပြပေးထားပါတယ်။

အရင်ဆုံးလုပ်ရမယ့် နံပြားအတွက် တခြားဆိုင်တွေနဲ့မတူအောင် နယ်ထားပြီးသား ဂျုံကို ဒလိမ့်တုံးနဲ့ မလှိမ့်ဘဲ လက်နဲ့ပဲရိုက်တာဟာ မာဆတ်ဆတ်မဖြစ်ဘဲ မွမွလေးနဲ့ စားကောင်းစေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ရိုက်ထားပြီးသား ဂျုံပြားထဲမှာ ကြက်သွန်နီ၊ အာလူး၊ ကီးမား စတဲ့အစာတွေ ထည့်ပြီး ဖုတ်မယ်ဆိုရင်တော့ ကူချီလို့ခေါ်တဲ့ မုန့်ကို ရရှိမှာ ဖြစ်ပါတယ်။

မဆလာတိုရှည်ကတော့ အရင်ဆုံး တစ်ညရေစိမ်ထားတဲ့ ပဲနံ့သာစေ့၊ ဆန် နဲ့ မတ်ပဲတို့ကို ကြိတ်ပြီး အချဉ်ဖောက်လိုက်မယ်ဆိုရင် မုန့်နှစ်ရည်ကို ရရှိမှာပါ။ အိုးပေါ်တင်ထားတဲ့ ဒီမုန့်နှစ်ရည်ထဲကို ပဲနံ့သာစေ့၊ ဇီရာစေ့နဲ့ မုန့်ညင်းစေ့တွေ ထည့်သွင်းဆီသတ်ထားတဲ့ ခရမ်းချဉ်သီးအနှစ်နဲ့ ကြိတ်ထားတဲ့အာလူးတို့ကို ထည့်လိုက်မယ်ဆိုရင် မဆလာတိုရှည်ရပါပြီ။ ဘာပဲလုပ်လုပ် မဆလာပါတာကိုတော့ သတိပြုရမယ်လို့ ဆိုပါတယ်။

နောက်ဆုံးပြောပြချင်တာကတော့ India Tadka ဆိုင်မှာ လူကြိုက်များတဲ့ Tandoori Chicken အကြောင်းလေးပါ။ ဒိန်ချဉ်ကို အဝတ်နဲ့စစ်ချပြီး ပျစ်သွားရင်မဆလာ၊ ဇီရာမှုန့်၊ နံနံမှုန့်၊ ဆား၊ အစိမ်းမှုန့်၊ ကြက်ဥအနှစ်နဲ့ မဆလာအနှစ်တို့ ရောစပ်ထားတဲ့အထဲကို ကြက်သားအမျှင်လေးတွေ ထည့်ပြီး တစ်ညစိမ်ထားရပါမယ်။ နောက်နေ့မနက် စားသုံးခါနီးမှ သံပြားအိုးထဲမှာ ထည့်ကင်ရတာပါ။ ကင်ပြီးရင်တော့ သံပုရာသီးလေးညှစ်လိုက်ရင် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

India Tadka က စားဖိုမှူးကြီးကတော့ အိန္ဒိယ မြောက်ပိုင်း အစားအစာတွေကို အဓိက ချက်ပြုတ်တာဖြစ်ပြီး ဒီဆိုင်မှာ မြောက်ပိုင်းအစားအစာအဖြစ် Tandoori Chicken က လူကြိုက်အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

comments powered by Disqus