Yangon

Today

81.7 F (27.6 C)

Tomorrow

81.7 F (27.6 C)

Editor's Choice

ဆူးလေနားက ရုံးသမားတွေအတွက် အစုံသုတ်လှည်းကလေး
Posted by: Kamayut MEDIA Video-editer on June 20, 2015 at 12:22 PM

သွားရင်းလာရင်း မြို့ထဲရောက်လို့ ပူပူစပ်စပ်လေးတွေစားချင်ရင် ဆူးလေပတ်ဝန်းကျင်က ရုံးသမားတွေ ရုံးသွားရုံးပြန်အားပေးကြတဲ့ လမ်းဘေးစားသောက်ဆိုင်တွေထဲမှာ ကားဂိတ်နဲ့လည်းနီးတဲ့ ဖိုးချစ် အစုံသုတ်လှည်းလေး ညနေ ၃ နာရီကနေ ၉ နာရီအထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့မိုးတွင်းက စတင်ဖွင့်ခဲ့တဲ့ ဖိုးချစ်အစုံသုတ်ဆိုင်လေးကို ရောင်းချခါစကတော့ လက်ဖက်အစုံသုတ်၊ သင်္ဘောသီးရခိုင်သုတ်လေးနဲ့စတင်ခဲ့တယ်လို့ ကိုဆန်းမင်းက ပြောပြပါတယ်။ 

လက်ဖက်အစုံသုတ်၊ ပြည်ကြီးငါးသုတ်၊ ကျောက်ပွင့်သုတ်၊ ရေဘဝဲ၊ ကင်းမွန်၊ ဂုံး၊ ခရုစတဲ့အသုတ်တွေရတဲ့ ဖိုးချစ်အသုတ်စုံဆိုင်လေးမှာ အဆင်ပြေရာ ပင်လယ်စာလေးတွေလည်းရတတ်ပြီး အသုတ်စုံတွေကို တစ်ပွဲငါးရာနဲ့ ပင်လယ်စာသုတ်ကိုတော့ တစ်ပွဲတစ်ထောင်နဲ့ရောင်းတယ်လို့ ဆိုပါတယ်။

ဖိုးချစ်အသုတ်ဆိုင်မှာ ရေဘဝဲသုတ်ဆို ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန်တို့နဲ့သုတ်ပြီး ပုံမှန်အသုတ်ဆိုရင်တော့ ပုဇွန်ခြောက်မှုန့်၊ မြေပဲထည့်ပြီး ငရုတ်သီးနဲ့ငါးပိထောင်းလေးကို သံပရာသီးလေးညှစ်ပြီး သုတ်ပေးတာလို့ ကိုဆန်းမင်းက ရှင်းပြပါတယ်။

ရခိုင်သုတ်စစ်စစ် စားချင်သူတွေအတွက်တော့ ကြက်သွန်၊ ပုဇွန်ခြောက်လေးနဲ့ သံပရာသီးလေးညှစ်ပြီး အစပ်သုတ်လေးသုတ်ပေးရသလို ငါးလေးခြောက်ရခိုင်သုတ်၊ အာပြဲခြောက်ရခိုင်သုတ်နဲ့ သင်္ဘောသီးရခိုင်သုတ်တွေပါ ရနိုင်တယ်လို့ ဆိုပါတယ်။

comments powered by Disqus