Yangon

Today

81.7 F (27.6 C)

Tomorrow

81.7 F (27.6 C)

Editor's Choice

ထိုင်းအရသာစစ်စစ် ဘယ်နားမှာ သွားစားကြမလဲ
Posted by: Kamayut MEDIA Video-editer on May 12, 2015 at 09:51 AM

Facebook လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးတဲ့ စမ်းချောင်းက Mr. Thai sweet & spicyဆိုတဲ့ ဆိုင်လေးနဲ့ ကမာရွတ်ပရိသတ်ကြီးကို မိတ်ဆက်ပေးခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဒီဆိုင်လေးဟာ အခုတော့ Mr. Thai Extraordinary Thai Experience ဆိုပြီး သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးက သုမင်္ဂလာအိမ်ရာမှာ ပိုမိုထူးခြားတဲ့ အပြင်အဆင်တွေနဲ့အတူ ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။

ပြောင်းရွှေ့ထားတဲ့ ဒီဆိုင်လေးမှာ နာမည်နဲ့လိုက်ဖက်အောင် ထိုင်းအရသာစစ်စစ်တွေ စားသုံးနိုင်ဖို့ ထိုင်းနိုင်ငံက စားဖိုမှူးတွေ ခန့်ထားတဲ့အပြင် ခရီးသွားလူအများ စားသုံးလို့အဆင်ပြေအောင်နဲ့  မွေးနေ့ပွဲမျိုးတွေ ကျင်းပလို့အဆင်ပြေအောင် နေရာထိုင်ခင်းရော ဝန်ဆောင်မှုအပိုင်းမှာပါ သေချာစီစဉ်ထားတယ်လို့ ဆိုင်ပိုင်ရှင် ကိုမင်းဆက်က ပြောပါတယ်။ 

ဒီထိုင်းဆိုင်လေးကို ရောက်ခဲ့မယ်ဆိုရင်တော့ နာမည်ကြီးတဲ့ အစပ်အရသာနဲ့ ထိုင်းအီစန်စတိုင် ကြက်သားသုတ်ကို စားကြည့်သင့်ပါတယ်။ ကြက်သားကို ကင်ပြီးမှ သုပ်တဲ့ ကြက်သားသုတ် ဘယ်လိုလုပ်ရ မလဲ ဆိုတာလေးလည်း ပြောပြချင်ပါတယ်။ ကြက်သားကိုအရင်ဆုံး ကင်ရပါမယ်။ ကြက်သားကင်နေတုန်း ကြက်သွန်နီ၊ နံနံပင်၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်နဲ့ ငရုတ်သီးမှုန်နဲ့အတူ ကြက်စွပ်ပြုတ်ရည်အနည်း ငယ်တို့ ရောနယ်ထားပါ ပြီးရင် ကင်ပြီးသားကြက်သားကို ဓားနဲ့ပါးပါးလေးလှီးပြီး ထပ်မံနယ်လိုက်တဲ့အခါမှာတော့ အရသာထူးတဲ့ အစပ်အရသာနဲ့ ကြက်သားသုပ်ကို ရရှိသွားပါပြီ။

နှစ်ပေါင်း ၂၀လောက် ထိုင်းနိုင်ငံမှာ အတွေ့အကြုံရှိခဲ့တဲ့ စားဖိုမှူးကြီးက ကြက်သားသုပ်နဲ့ လိုက်ဖက်မယ့် တို့စရာ အမယ်ဖြစ်တဲ့ မုန်ညင်း၊ ပဲသီး၊ သခွားသီးတို့နဲ့ လှီးဖြတ်ပြီး တို့စားနိုင်သလို စားသုံးသူ ဧည့်သည်တွေကြိုက်တဲ့အတိုင်း အသီးအရွက်ကို ပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဒီထိုင်းဆိုင်လေးမှာ အနီရောင်အစပ်ချက်ကြက်ဟင်းနဲ့ တုံရမ်းပုစွန်နို့စိမ်းတို့ဟာလည်း လူကြိုက်များကြတယ်လို့ ဆိုပါတယ်။

Mr. Thai Extraordinary Thai Experience မှာလာရောက်အားပေးပြီး သုံးဆောင်တဲ့ ဧည့်သည်တွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးတော့ ထိုင်းအရသာ စစ်စစ်ရဖို့ တာဝန်ယူပါတယ်လို့လည်း ပြောပါတယ်။

comments powered by Disqus