Yangon

Today

80.2 F (26.8 C)

Tomorrow

80.2 F (26.8 C)

Editor's Choice

ရုရှအစားအစာတွေ ရန်ကုန်မှာ ဖွယ်ဖွယ်ရာရာ စားလို့ရတယ်
Posted by: Kamayut MEDIA Video-editer on March 16, 2015 at 15:26 PM

ရန်ကုန်မြို့မှာ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ရုရှနိုင်ငံရဲ့အငွေ့အသက်တွေကို ခံစားနိုင်မယ့်နေရာလေးတစ်ခု ကမာရွတ်မီဒီယာပရိသတ်တွေကို ခေါ်သွားချင်ပါတယ်။ KVASလို့ နာမည်ပေးထားတဲ့ ရန်ကင်းမြို့နယ်ထဲက စားသောက်ဆိုင်လေးမှာ မြန်မာပါးစပ်နဲ့လိုက်ဖက်မယ့် ရုရှအစားအစာတွေကို စိတ်ဝင်စားကြမယ် ထင်ပါတယ်။

အချက်အပြုတ်အနုပညာဟာ သူ့ဘဝရဲ့ ဝါသနာတစ်ခုဖြစ်ပြီး ဒီစားသောက်ဆိုင်ကိုလည်း ဝါသနာကိုအရင်းတည်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ယမ်ကဲနီကပြောပါတယ်။ မြန်မာပြည်မှာ ဥရောပ၊ ကိုရီးယားစားသောက်ဆိုင်တွေ ရှိပေမယ့် ရုရှအစားအစာတွေရောင်းတဲ့ဆိုင်မရှိလို့ မြန်မာနိုင်ငံမှာရှိနေတဲ့ ရုရှလူမျိုးတွေအတွက် အဆင်ပြေအောင် ဖွင့်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ဆိုင်မှာ နာမည်ကြီးရိုးရာအစားအစာတွေဖြစ်တဲ့ Oliviei (အလီဗီယာ)Olivier (အော်လီဗျယ်)၊ Borsh (ဘွတ်ရှ်)၊ Shashlik (ရှားရှလိပ်)။ Venegret (ဗင်နီဂရက်စတဲ့ အစားအစာတွေရနိုင်ပြီး ရုရှစတိုင်လ်အမဲသားဟင်းနဲ့ မီးအေးအေးနဲ့ ကင်ထားတဲ့ ဟင်းသီးဟင်းရွက်စုံကိုပါ ရနိုင်တယ်လို့ ဆိုပါတယ်။

ရုရှအစားအစာတွေက ဆားနဲ့ငရုတ်ကောင်းကို အဓိကထားချက်ပြုတ်တာဖြစ်ပြီး ဆီအနည်းငယ်သာ သုံးတာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်း ၁၅ဝဝ လောက်နဲ့ မြန်မာအစားအစာနဲ့နီးစပ်အောင် ပြုလုပ်ထားတဲ့ ရုရှထမင်းကြော်ကို ရနိုင်ပြီး အခြားအစားအစာကိုတော့ ဂရမ်အလေးချိန်အလိုက် ဈေးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးJuice ဖြစ်တဲ့ အာမေးနီးယားနိုင်ငံက Areva Juice ရနိုင်ပြီး အစားအသောက်စုံလင်ပါတယ်လို့ပြောပါတယ်။

comments powered by Disqus