Yangon

Today
90 F (32 C)

Tomorrow
90 F (32 C)
Editor's Choice
ကိုရီးယားအစားအစာတွေ ခုံမင်တဲ့ ကမာရွတ်ပရိသတ်တွေကို ဒီတစ်ခါ ချက်ပြပေးချင်တာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ရှေးဘုရင်တွေ၊ အထက်တန်းလွှာတွေဆီကနေ ဆင်းသက်လာတဲ့ အစားအစာဖြစ်တဲ့ နန်းတွင်းတော့ပိုကီပါ။ ဒါ့အပြင်နာမည်ကြီး ကြက်သားဂါးလ်ဘိနဲ့ ပင်လယ်စာတွေ ရောစပ်ချက်ပြုတ်ရတဲ့ ပင်လယ်စာကြက်သားဂါးလ်ဘိကိုလည်း လက်ဆောင်အဖြစ် ချက်ပြချင်ပါသေးတယ်။
လက်ရှိဆိုင်တွေမှာ ရောင်းချနေတဲ့ တော့ပိုကီတစ်ပွဲစာမှာ တော့ပိုကီ ၁၇ချောင်း၊ ကိုရီးယားဆော့ထဲမှာ ရောနယ်ထားတဲ့ ကြက်သား ၁ဝဝ ဂရမ်နဲ့အတူ မုန်လာဥနီ၊ ငရုတ်ပွအချောင်း၊ မှိုအသေး၊ မှိုအကြီး စတာတွေ အနည်းငယ်စီ ပါဝင်ကြပါတယ်။
အိုးပြားပေါ်မှာ အရင်ဆုံး မီးပြင်းပြင်းနဲ့ ကြက်သားကို မွှေပြီး ဆီသတ်ရပါမယ်။ ပြီးတဲ့အခါ အသီးအရွက်တွေပါ ရောမွှေပြီး အရွက်တွေ နွမ်းသွားတဲ့အခါ ရေနည်းနည်း ထပ်ထည့်ပြီး မွှေပေးရပါဦးမယ်။ နောက်တစ်ဆင့်မှာတော့ ပြုတ်ထားတဲ့ တော့ပိုကီ၊ ဆော့အချို ၂ဇွန်းတို့ ထပ်ထည့်ပြီး မီးပြင်းပြင်းလေး ပေးလိုက်ရပါမယ်။ စက္ကန့်ပိုင်းလောက်သာကြာပြီး ရေအနည်းငယ်သာ ကျန်ချိန်မှာတော့ ဆီမွှေးလေးပေါက်ပေးလိုက်မယ်ဆို
ဒီတစ်ခါ အလှည့်ကျလာတာကတော့ ပင်လယ်စာကြက်သားဂါးလ်ဘိ လုပ်နည်းလေးပါ။ ဒီဟင်းလျာအတွက် ကြက်သားဂါးလ်ဘိ ၁၈ဝ ဂရမ်၊ ပုဇွန် ၁ကောင်၊ ရေဘဝဲ ၁ကောင်၊ တော့ပိုကီ ၂ချောင်း၊ အာလူး ၂ပြားအပြင် ဂေါ်ဖီနဲ့ ကြက်သွန်မြိတ်တို့ နည်းနည်းစီ အဆင်သင့်ရှိနေဖို့တော့ လိုပါတယ်။
ပထမအဆင့်အနေနဲ့ ကြက်သားဂါးလ်ဘိနဲ့ ပုဇွန်တို့ကို အိုးထဲမှာ ရောမွှေပြီး ကျက်ခါနီးအချိန်မှာ ရေဘဝဲကို ကတ်ကြေးနဲ့ ညှပ်ပြီးထည့်ရပါမယ်။ ဒီ ၃မျိုးလုံး ကျက်သွားတဲ့အခါမှ ကျန်တဲ့ ပါဝင်ပစ္စည်းတွေ ထည့်ပြီး အသီးအရွက်တွေ နွမ်းသွားတဲ့အထိ အပူပေးထားလိုက်မယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ပင်လယ်စာ ကြက်သားဂါးလ်ဘိကို စားသုံးနိုင်ပြီလို့ ဆိုပါတယ်။
- About Us
- Sales & Advertising
- Marketing
- Job Opportunities
- Our Correspondents
- Our Partners
- Terms & Conditions
- Contact Us
- Kamayut Media © 2014