Yangon

Today

80.2 F (26.8 C)

Tomorrow

80.2 F (26.8 C)

Editor's Choice

မြန်မာတွေ ချွေးထုတ်ခန်းကို သုံးကြမလား .. မြောက်ဒဂုံမှာရှိတယ်
Posted by: Kamayut MEDIA Video-editer on October 16, 2014 at 22:39 PM

ကျန်းမာရေးနဲ့ညီညွတ်ပြီး ဈေးသက်သက်သာသာနဲ့ အပန်းဖြေနိုင်မယ့် မြန်မာပြည်ရဲ့ ပထမဆုံး ချွေးထုတ်ခန်းဟာ မြောက်ဒဂုံ ပင်လုံလမ်းမကြီးပေါ်က Golden Park မှာ ရှိပါတယ်။ ရေနွေးငွေ့နဲ့ ချွေးထုတ်နိုင်သလို စားသောက်ဆိုင်တွေ၊ ဆံပင်နဲ့အလှအပ၊ အရေပြားအလှအပနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေလည်း ရနိုင်ပါတယ်။

Golden Park ထဲက Korean Spa ကို ဒီနှစ်ဆန်းပိုင်းကစပြီး မနက် ၇နာရီကနေ ည ၁ဝနာရီအထိ တစ်ယောက်ကို ကျပ် ၇ဝဝဝ၊ ည ၁ဝနာရီကနေ မနက်အထိ ကျပ်တစ်သောင်း သတ်မှတ်ပါတယ်။ Skincare ထက် ကျန်းမာရေးကို ပိုပြီး ဦးစားပေးတာဖြစ်ပြီး ရေနွေးငွေ့နဲ့ ချွေးပေါင်းခန်းတွေ အပြည့်အစုံပါတဲ့ ပထမဆုံးဆိုင်ပါလို့ ကိုဇာနည်ထွန်းက ပြောပါတယ်။

ချွေးပေါင်းခန်းမှာတော့ မြေနီ၊ မီးသွေး၊ ဆားခန်း စတဲ့ အမျိုးအစားတွေရှိပြီး မြေနီချွေးပေါင်းတာက လေဖြတ်လေငန်း စတဲ့ လူကြီးရောဂါတွေကို ကာကွယ်ပေးသလို မီးသွေးခန်းကတော့ အရေပြား ယားယံတာနဲ့ အမျိုးသမီးရောဂါတွေ ပျောက်ကင်းစေသလို ဆားခန်းကတော့ အရိုးကျီးပေါင်းတက်တဲ့ ရောဂါမျိုးတွေ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ရေနွေးစိမ်တာကြောင့် ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်ဘဲ အသားအရေစိုပြေသလို ရေခဲခန်းမှာလည်း ချွေးထုတ်နားနေရင် ချွေးပေါက်တွေကျဉ်းပြီး အရေပြားလှပစေတယ်လို့ ဆိုပါတယ်။ ချွေးထုတ်ခန်းသုံးတာ အလေ့အကျင့်မရှိသေးတဲ့သူတွေအတွက် အသုံးပြုပုံတွေကို စနစ်တကျ လမ်းညွှန်ထားပြီး အများထင်သလို Section နဲ့ကောက်ခံတာ မဟုတ်ဘဲ အနားယူအပန်းဖြေနိုင်တယ်လို့ ကိုဇာနည်းထွန်းက ဆိုပါတယ်။

comments powered by Disqus