Yangon

Today

88.0 F (31.1 C)

Tomorrow

88.0 F (31.1 C)

Job Opportunities

ဝန်ထမ်းသစ် ရှာဖွေခြင်း

ကမာရွတ်မီဒီယာသည် ရုပ်သံသတင်းမီဒီယာအား စိတ်ပါဝင်စားသော လူငယ်များကို အမြဲလိုလို ရှာဖွေနေပြီး မြန်မာနိုင်ငံ၌ ယုံကြည်စိတ်ချမှု အရှိဆုံးသော သတင်းဌာနအဖြစ် တည်ဆောက်နေပါသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအဖြစ် စုဆောင်းရာတွင် လေ့ကျင့်သင်ကြားပေးမှုဖြင့် အစပြုပြီး ခိုင်မာသော စိတ်ပိုင်းဖြတ်မှုရှိသည့် လုပ်ငန်းခွင်အတွင်း တက်ကြွပျော်ရွှင်မှုရှိစေရန် အထူး အလေးထားပါသည်။

တန်းတူညီမျှမှုရှိသော အခွင့်အလမ်း

ကမာရွတ်မီဒီယာသည် မြန်မာနိုင်ငံမှ ထူးချွန်ထက်မြတ်သော၊ တီထွင်ဖန်တီးလိုစိတ်ရှိသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနေသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည်။ \အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ရွေးချယ်မှုသည် တန်းတူညီမျှသော Equal Opportunity မူဝါဒဖြင့် လိင်၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး ခွဲခြားမှုကို လုံးဝလက်မခံဘဲ တန်းတူညီမျှမှုကို အလေးထားပြီး လူသားတိုင်း၏ အရည်အချင်းနှင့် ဆန္ဒကို မူတည်ပြီး အခွင့်အလမ်းများကို ပေးအပ်ရန် ဆုံးဖြတ်ထားပါသည်။

စဉ်ဆက်မပြတ် သင်ယူလေ့လာမှု

ပညာရေးသည် လူမှုဘဝတိုးမြင့်ရေး ခေတ်မီဆန်းသစ်သော အတွေးအခေါ်များ ရှင်သန်ရေး၊ ဝေဖန်ပိုင်းခြားမှုနှင့် တီထွင်ဖန်တီးမှုတို့ အားကောင်းလာစေရေးအတွက် မရှိမဖြစ်သော တာဝန်ဝတ္တရားတစ်ဖြစ်ပါသည်။ ကမာရွတ်မီဒီယာသည် ဝန်ထမ်းသစ်များ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို ဒီဂျစ်တယ် နည်းပညာခေတ်တွင် ဦးဆောင်လမ်းပြ ဖြစ်စေရေးအတွက် ပုံမှန်လေ့ကျင့်သင်ကြားမှုအတွက် စိတ်အားထက်သန်မှု အပြည့်ရှိပါသည်။ စဉ်ဆက်မပြတ် လေ့ကျင့်ဆည်းပူးမှုသည် ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည်သာမက ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် မြန်မာပြည်သားအဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်သော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ခြင်းဖြစ်ပါသည်။ ကမာရွတ်မီဒီယာ၏ မျှော်မှန်းချက်မှာ မျိုးဆက်သစ်များကို လေ့ကျင့်ပြုစုပြီး ကျင့်ဝတ်စံနှုန်း အမြင့်မားဆုံးကို ဆုတ်ကိုင်ကာ ဂုဏ်သိက္ခာရှိသော သတင်းမီဒီယာတစ်ခုအဖြစ် စံနမူနာဖြစ်ဖွယ်ရာ ပြုစုပျိုးထောင်သော နေရာအဖြစ် ဖန်တီးထားပါသည်။