Yangon

Today

79.0 F (26.1 C)

Tomorrow

79.0 F (26.1 C)

Marketing

ဒီဂျစ်တယ်ဈေးကွက်ရှာဖွေမြှင့်တင်ရေး

ကမာရွတ်ဟာ age of Imagination ခေတ်အတွက် ကြိုတင်ပြင်ဆင် လျှောက်လှမ်းခဲ့တဲ့ အွန်လိုင်းအခြေပြု Digital Media ကို ပထမဆုံး စတင်ခဲ့တဲ့ သတင်းဌာနဖြစ်ပါတယ်။ ကမာရွတ်မီဒီယာ ကုမ္ပဏီလိမိတက်ဟာ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲပြီး Digital Marketing ကို မျှဝေပြီး အကျိုးခံစားမှုတွေကိုလည်း မျှဝေတဲ့နည်းလမ်းကို အသုံးပြုနေပါတယ်။ ပရိသတ်တွေရဲ့ ယုံကြည်စိတ်ချရမှု၊ ကိုယ့်ရဲ့အမည်နာမကို ခိုင်မာအောင် တည်ဆောက်နိုင်မှုနဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းထားနိုင်မှုဟာ ခေတ်သစ် Marketing နည်းဗျူဟာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို သုံးတဲ့အခါမှာ New Media လို့ခေါ်တဲ့ အွန်လိုင်းမီဒီယာကို မဖြစ်မနေ အသုံးပြုပြီးတော့ သန်းပေါင်းများစွာသော ပရိသတ်ကြီးဆီ ဝန်ဆောင်မှုတွေကို အရောက်ပို့ဆောင်ပေးရပါမယ်။ ညနေခင်းတွေမှာ မိသားစု စုံစုံညီညီနဲ့ ရုပ်မြင်သံကြားရှေ့ထိုင်ပြီး သတင်းနဲ့အချက်အလက်တွေ ရယူရတဲ့ခေတ် ကုန်ဆုံးသွားခဲ့ပြီဆိုတာ သက်သေထူဖို့ သန်းပေါင်းများစွာသော လူတွေရဲ့ လက်ကိုင်ဖုန်းတွေဆီ ခေတ်သစ်ဈေးကွက်ကြီး ရွှေ့လျားသွားပါပြီ

ဒီဂျစ်တယ်ဈေးကွက်ရဲ့ ထိရောက်မှု

ငွေသန်းပေါင်းများစွာ အကုန်အကျခံပြီး ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ပုံနှိပ်စာစောင်တွေနဲ့ ထုံးတမ်းစဉ်လာ ရုပ်မြင်သံကြားတွေမှာ ကြော်ငြာနေကြပါတယ်။ ကမာရွတ်အွန်လိုင်းမီဒီယာမှာ ကြော်ငြာမယ်ဆိုရင် ကုန်ကျမှု အများကြီးသက်သာမှာဖြစ်သလို တစ်ရက်စာ ကြော်ငြာအတွက် ကျပ်ငွေ ထောင်ဂဏန်းလောက်နဲ့တင် စပြီးကြော်ငြာနိုင်ပါပြီ။ ကမာရွတ်မီဒီယာရဲ့ ရုပ်သံဗီဒီယိုဖိုင်တွေကိုလည်း လူအများစုက အချိန်မရွေး၊ နေရာမရွေး အကြိမ်ကြိမ်ပြန်ကြည့်နိုင်တယ်၊ မျှဝေနိုင်တယ်၊ သန်းပေါင်းများစွာရဲ့လက်ထဲကို ခဏတွင်းရောက်သွားနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ဒီအခွင့်အလမ်းတွေက သမားရိုးကျ မီဒီယာတွေမှာ မရနိုင်ပါဘူး။ ပုံနှိပ်နဲ့ သမားရိုးကျ မီဒီယာတွေမှာ တစ်ကြိမ်ကြော်ငြာပြီးရင် နောက်ထပ်ဖော်ပြလိုရင်တော့ နောက်တစ်ကြိမ် ကုန်ကျဖို့ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်းကြော်ငြာတွေဟာ ပြည်တွင်းသုံးစွဲသူတွေဆီကိုတင်မကဘဲ နိုင်ငံတကာရောက် မြန်မာတွေနဲ့ နိုင်ငံခြား သားတွေဆီကိုပါ အချိန်အတွင်း ရောက်သွားနိုင်တဲ့ အွန်လိုင်းမီဒီယာရဲ့ ထိရောက်မှုက ပမာဏသိပ်ကြီးမားပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား ၅သန်းကျော်ကလည်း မိခင်တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို အလွန်အမင်း စိတ်ပါဝင်စားကြသူတွေဖြစ်ပါတယ်။

ကမာရွတ်ရဲ့ အနာဂတ်

ကမာရွတ်မီဒီယာဟာ ၂ဝ၁၂ကစတင်ပြီး အွန်လိုင်းကနေ ရုပ်သံသတင်းတွေ ထုတ်လွှင့်ခဲ့ပြီး ၂ဝ၁၃နဲ့ ၂ဝ၁၄မှာ ပရိသတ်သိန်းချီပြီး နေ့စဉ်ကြည့်ရှုရတဲ့ မြန်မာသတင်းဌာနတစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ရေး နည်းပညာအပြောင်းအလဲနဲ့ လူတွေရဲ့နေထိုင်မှုပုံစံတွေ ရွေ့လျားပြောင်းလဲလာတာကြောင့် သတင်းတွေကိုရဖို့ အချိန်တစ်ခုမှာ ထိုင်စောင့်ခဲ့ရတဲ့ကာလတွေကို အားလုံးမေ့ပစ်လိုက်ဖို့ ဖြစ်ပါတယ်။ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို လက်ထဲမှာရှိတဲ့ Digital Devices လို့ခေါ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ Tablet စတာတွေကနေ အင်တာနက်ကို ချိတ်ဆက်ပြီး အလွယ်တကူရယူနိုင်ပါပြီ။ ကမာရွတ်မီဒီယာဟာ အနာဂတ်ကိုတည်ဆောက်နေတဲ့ တစ်ခုတည်းသော ပုဂ္ဂလိကပိုင် ရုပ်သံမီဒီယာ ကုမ္ပဏီဖြစ်ပြီး Mobile TV ဟာ အနာဂတ်လမ်းကြောင်းသစ်ဖြစ်တယ်ဆိုတာကို ယုံကြည်ထားပါတယ်။