Yangon

Today

79.5 F (26.4 C)

Tomorrow

79.5 F (26.4 C)

Terms & Conditions

မူပိုင်ခွင့်

မူပိုင်ခွင့်သည် မူလပိုင်ဆိုင်သူအား သတ်မှတ်ကာလတစ်ခုအတွင်း ၎င်းတို့ပိုင် ကုန်ပစ္စည်း၊ ရေးသားဖော်ပြချက်နှင့် ဖန်တီးမှုများကို အခြားသူများက ပြန်လည်ထုတ်ဝေခြင်း၊ မှီငြမ်းခြင်းဆိုင်ရာများကို ထိန်းချုပ်နိုင်သော သီးသန့်အခွင့်အရေး ပေးအပ်ထားခြင်းဖြစ်သည်။ မူပိုင်ခွင့် ဥပဒေသည် ဉာဏပိုင်ဆိုင်မှုအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ သုံးစွဲမှုများတွင် တရားမဝင် သုံးစွဲခြင်းမရှိစေရန် အကာအကွယ်ပေးထားပြီး အဆိုပါ ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက်သာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာနှင့် စပ်လျဉ်း၍ နိုင်ငံတကာစာချုပ်များ၊ သဘာတူညီချက်များအရ သက်ရောက်မှုရှိစေပါသည်။ ကမာရွတ်မီဒီယာ၏ ဖော်ပြချက်များကို တစ်ကိုယ်ရေသုံးစွဲမှုအရဖြစ်စေ စီးပွားရေးရည်ရွယ်ချက်အရ ဖြစ်စေ ပြန်လည်အသုံးပြုလိုပါက ကမာရွတ်မီဒီယာ၏ စာဖြင့် ရေးသားဖော်ပြသော ခွင့်ပြုချက်ရှိရမည်ဖြစ်သည်။ ကမာရွတ်မီဒီယာ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် ဖော်ပြချက်ကိုမဆို ပြန်လည်ဖော်ပြပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဖြစ်သည်။ မူပိုင်ခွင့် ချိုးဖောက်မှုသည် ငွေကြေးဆိုင်ရာ နစ်နာကြေးများအပြင် အချို့ကိစ္စရပ်များ၌ ရာဇဝတ်ကြောင်းဖြင့်ပါ သက်ဆိုင်နိုင်ပါသည်။ ကမာရွတ်မီဒီယာကုမ္ပဏီလီမိတက်ပိုင် သတင်း၊ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယို၊ အရုပ်နှင့်အသံ စသည်များကို ပြန်လည်သုံးစွဲဖော်ပြပါက ကမာရွတ်မီဒီယာ၏ တရားဝင်ခွင့်ပြုချက်ရှိရမည်ဖြစ်သလို ကမာရွတ်မီဒီယာပိုင် အဆိုပါဖော်ပြချက်များကို သုံးစွဲကြောင်း ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြရမည်ဖြစ်သည်။ အဆိုပါ ဖော်ပြချက်များပြုလုပ်ရာတွင်လည်း စီးပွားရေးလုပ်ငန်းသုံး ရည်ရွယ်ချက်ဖြင့် ဖော်ပြပါက ရရှိသော ဝင်ငွေ၏ ရာခိုင်နှုန်းအလိုက် ကမာရွတ်မီဒီယာသို့ ပေးအပ်မည်ဖြစ်ကြောင်း ဥပဒေကြောင်းအရ တရားဝင်ခွင့်ပြု သဘောတူညီချက်ရှိရမည်ဖြစ်ပါသည်။

ကြော်ငြာ

ကြော်ငြာရှင်များသည် ၎င်းတို့စာသား၊ အသံနှင့် အရုပ်၊ အချက်အလက်နှင့် ဓာတ်ပုံ ကြော်ငြာများသည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ မူပိုင်ခွင့်နှင့် ဉာဏဆိုင်ရာပိုင်ဆိုင်မှု ဥပဒေများကို အပြည့်အဝလိုက်နာကြောင်း တာဝန်ယူမှုအပြည့်အဝ ယူရမည်ဖြစ်သည်။ ကြော်ငြာ စာသား၊ အသံနှင့် အရုပ်၊ အချက်အလက်နှင့် ဓာတ်ပုံများသည် ကမာရွတ်မီဒီယာက သတ်မှတ်သော အရွယ်အစား၊ အရည်အသွေးနှင့် ကာလကြာမြင့်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး ထုတ်လွှင့်ပြသရန် သတ်မှတ်သည့်နေ့ မတိုင်မီ အနည်းဆုံး ၃ရက် ကြိုတင်ကာ ပေးပို့ရမည်ဖြစ်သည်။ ကြော်ငြာထုတ်လွှင့်ပြသချိန် မတိုင်ခင် အနည်းဆုံး ၅ရက်ကြိုတင်ကာ ကျသင့်ငွေအပြည့်အဝကို ပေးချေရမည်ဖြစ်ပြီး ထုတ်လွှင့်ပြသမှုမတိုင်ခင် ၅ရက်အလိုတွင် ဖျက်သိမ်းလိုပါက ပေးချေပြီးငွေ ၁ဝဝ%ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ကြော်ငြာထုတ်လွှင့်ပြသခြင်း ဖျက်သိမ်းမှုကို ၃ရက်အလို ကြိုတင်ပြုလုပ်ပါက ပေးချေပြီးငွေ၏ ၇၅%၊ ၁ရက်အလို ကြိုတင်ပြုလုပ်ပါက ပေးချေပြီးငွေ၏ ၅ဝ%တို့ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ကြော်ငြာထုတ်လွှင့်ပြသမည့်ရက်တွင် ဖျက်သိမ်းပါက ပေးချေပြီးငွေကို ပြန်လည်ပေးအပ်မည် မဟုတ်ပါ။ ထုတ်လွှင့်ပြသရန် သဘောတူညီထားသည့် ကာလနှင့်ကြိမ်ရေအတွက် ကုမ္ပဏီဘက်မှ အကြောင်းကြောင်းကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပါက မထုတ်လွှင့် မပြသခဲ့သည့် ကြော်ငြာ၏ ကာလနှင့်အရေအတွက် ကျသင့်ငွေများကို ပြန်လည်ပေးအပ်သွားမည်။ ကုမ္ပဏီသည် မည်သည့် ၎င်းတို့စာသား၊ အသံနှင့် အရုပ်၊ အချက်အလက်နှင့် ဓာတ်ပုံပါ ကြော်ငြာများသည် အများပြည်သူ ကြည့်ရှုရန် မသင့်တော်ခြင်း၊ အများပြည်သူအား လွဲမှားသော ရှုမြင်မှုများဖြစ်ပေါ်စေပါက အချိန်မရွေး ရပ်ဆိုင်းပိုင်ခွင့် ရှိသည်။ အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် နိုင်ငံရေးပါတီများ၏ ကြော်ငြာများကို လုံးဝလက်ခံဖော်ပြမည် မဟုတ်ပါ။

ကျင့်ဝတ်

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ၂ဝ၁၄ခုနှစ် မေလ ၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သတင်းမီဒီယာကျင့်ဝတ်များကို ကမာရွတ်မီဒီယာက အပြည့်အဝ လိုက်နာကျင့်သုံးနေပါသည်။