Yangon

Today

87.6 F (30.9 C)

Tomorrow

87.6 F (30.9 C)

Editor's Choice

အတိတ်ရန်ကုန်ပုံရိပ်နဲ့ အလှုပ်အခတ်တွေကြားက မီးရထားရုံးချုပ်
Posted by: Kamayut MEDIA Video-editer on March 17, 2015 at 11:38 AM

မြန်မာနိုင်ငံရဲ့ လူသိအများဆုံးမြို့ ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းကိုလိုနီခေတ် အဆောက်အအုံတွေ အများကြီးကျန်နေသးသလို ဒီကနေ့ မော်ဒန်အဆောက်အအုံတွေနဲ့ အတူယှဉ်တွဲနေတဲ့ မတူကွဲပြားတဲ့ မြင်ကွင်းတွေကို အင်္ဂလိပ်ပန်းချီဆရာမ Kate Bowen က မီးရထားအဆောက်အအုံဆိုတဲ့ ခေါင်းစဉ်နဲ့ မတ်လ ၁၄ကနေ ၂၂အထိGallery 65 မှာ ပြသနေပါတယ်။

ရန်ကုန်မြို့မှာ ၁၈၇၇က စတင်ဆောက်လုပ်ခဲ့ပြီး မီးရထားရုံးချုပ်အဖြစ် သုံးစွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က အဆောက်အအုံ အတွင်းနဲ့အပြင်တွေကို ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကား ၆ဝကျော်ကို ပြသထားပါတယ်။ ပန်းချီဆရာမ Kate Bowen ဟာ လန်ဒန်မြို့ပြပြောင်းလဲမှုနဲ့ အိုလံပစ်အားကစားရုံတည်ဆောက်မှုတွေ ရေးဆွဲခဲ့တဲ့သူဖြစ်သလို ၁၉၉၉ကစတင်ပြီး ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့ပါတယ်။

အနောက်နိုင်ငံက ပန်းချီပညာရှင်တစ်ယောက်ရဲ့ ဗြိတိသျှခေတ် ကိုလိုနီလက်ရာအဆောက်အအုံလက်ရာ ဘယ်လိုဆက်စပ်မှုရှိမလဲဆိုတာ ကြည့်ချင်လို့ ပြပွဲကို လာရောက်လာခဲ့တာပါလို့ဆိုတဲ့ ကာတွန်း ဆလိုင်းစွမ်းပီက လူအများမစဉ်းစားမိတဲ့ အနုပညာဖန်တီးမှုတွေတွေ့ရသလို ဗြိတိသျှဗိသုကာနဲ့အနုပညာကို ပေါ်လွင်အောင် ရေးသားတာ မြင်ရတယ်လို့ ဆိုပါတယ်။

မီးရထားအဆောက်အအုံရဲ့ သမိုင်းနဲ့ လက်ရာကို စိတ်ဝင်စားခဲ့ရာက ဆီဆေး၊ မင်နဲ့ ရေဆေးတွေနဲ့ ထောင့်မျိုးစုံကနေ အနုပညာလက်ရာမြောက်အောင် ရေးဆွဲခဲ့တဲ့ ပန်းချီဆရာမ Kate Bowen က ခေတ်မီအဆောက်အအုံတွေ အများကြီးပေါ်ထွက်လာနေတဲ့ ရန်ကုန်ဟာ သူ့ရဲ့မူလဟန်ပန်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒီလို ရန်ကုန်ရဲ့ပုံရိပ်တွေ အများကြီးပြောင်းလဲနေတာကလည်း ပြည်သူတွေအတွက်ရော စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

comments powered by Disqus