Yangon

Today

86.5 F (30.3 C)

Tomorrow

86.5 F (30.3 C)

Editor's Choice

ဂန္ထဝင်ဇာတ်ကားတွေပြသမယ့် ဆယ်ရက်ကြာ ရုပ်ရှင်ပွဲတော် စပါပြီ
Posted by: Kamayut MEDIA Video-editer on May 28, 2015 at 18:17 PM

ကမ္ဘာတစ်ဝှမ်း တင်ဆက်ပြသခဲ့တဲ့ ရုပ်ရှင်အမွေအနှစ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ International Film Heritage ပွဲတော်ကို ဂန္ထဝင်ဇာတ်ကားပေါင်း ၅ဝ ကျော် အခမဲ့ပြသမှုနဲ့အတူ မေ ၂၉ကစပြီး နေပြည်တော်ရုပ်ရှင်ရုံမှာ ၁ဝရက်ကြာ ပြုလုပ်တော့မှာပါ။

ရုပ်ရှင်ပိုင်းဆိုင်ရာမှာ ခေတ်ရေစီးကြောင်းအရ ဒီဂျစ်တယ်ဘဝကို ကူးပြောင်းလာချိန်မှာ ကမ္ဘာအနှံ့အပြားက ရုပ်ရှင်တွေ ဆုံးရှုံးပျောက်ကွယ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ကြရတဲ့ အမှတ်တရအဖြစ် ဒီပွဲကို ကျင်းပရတာ ဖြစ်တယ်လို့ ပြင်သစ်ယဉ်ကျေးမှုဆိုင်ရာ သံရုံးအရာရှိက မေ၂၇မှာ ပြောဆိုခဲ့ပါတယ်။

၁၉၃ဝ မတိုင်မီ ရိုက်ကူးထားတဲ့ ရုပ်ရှင် ၈ဝ ရာခိုင်နှုန်းကျော်နဲ့ ၁၉၅ဝ မတိုင်ခင်က ရုပ်ရှင်ဇာတ်ကားပေါင်း တစ်ဝက်ကျော်ဟာ ပျောက်ဆုံးနေတာကြောင့် ရုပ်ရှင်သမိုင်း ခေတ်ဦးကနေ နောက်ပိုင်းအထိ မြင်တွေ့နိုင်ဖို့ ဂန္ထဝင်ဇာတ်ကားတွေကို ပြသသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို သရုပ်ဆောင် ကက်သရင်းဒနဗ်၊ မီရှယ်ယိုး၊ ချန်းပေပေ၊ မာရီလီး စတဲ့ သရုပ်ဆောင်တွေ အထူးဧည့်သည်အဖြစ် လာရောက်ကြမှာဖြစ်ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေလည်း ကျင်းပသွားမှာပါ။

ဒါမှာ မြန်မာပြည်မှာ ၂ကြိမ်မြောက်ပြုလုပ်တဲ့ အမှတ်တရာ ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ဒီနှစ်မှာ မြန်မာ့ရုပ်ရှင်အဖိုးတန် ရတနာအစီအစဉ်အဖြစ် ၁၉၅၅ ကနေ ၁၉၈၃ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ မြမောင်ရဲ့ဖိုးပြုံးချို၊ ဝင်းဦးရဲ့ တစ်ကျော့နှစ်ကျော့တေးကိုသီ၊ မောင်တင်ဦးရဲ့ တစ်ခါက တစ်ဘဝ၊ သင်းသင်းယုရဲ့ နေကျောက်ခဲ စတဲ့ မြန်မာ့ဂန္ထဝင်ဇာတ်ကားတွေကိုလည်း ပြသပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

comments powered by Disqus