Yangon

Today

81.9 F (27.7 C)

Tomorrow

81.9 F (27.7 C)

Editor's Choice

စိန်လျှံထွန်းရဲ့ မီးကျွမ်းအုတ်နဲ့လူသား ဘာတွေလဲ
Posted by: Kamayut MEDIA Video-editer on June 5, 2015 at 16:26 PM

ဒါရိုက်တာ စိန်လျှံထွန်းရိုက်ကူးတဲ့ မီးကျွမ်းအုတ်နဲ့ လူသားဆိုတဲ့ မှတ်တမ်းရုပ်ရှင်နှစ်ကားကို ဇွန် ၁၄ ကနေ ၁၉ ရက်နေ့အထိ နေပြည်တော်နဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ တတိယမြောက်ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံထားရပါတယ်။ စိန်လျှံထွန်းရဲ့ မှတ်တမ်းကားတွေက ဘာအကြောင်း တင်ပြထားတာလဲ။

မီးကျွမ်းအုတ်ဆိုတဲ့ ဇာတ်ကားမှာတော့ Unicef ကဖွင့်ထားတဲ့ ညနေပိုင်းကျောင်းမှာတက်ရင်း မိဘထောက်ပံ့မှုမပါဘဲ အစိုးရကျောင်းတက်နိုင်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပြီး လူသားဆိုတဲ့ဇာတ်လမ်း အဓိပ္ပာယ်ကတော့ ကြည့်ပြီးမှပဲ အဖြေထွက်မယ်လို့ ကိုစိန်လျှံထွန်းက ရှင်းပြပါတယ်။

(စိန်လျှံထွန်း - Travelling Film Festival Coordinator - Human Rights Human Dignity International Film Festival) file 0257 (03:13 - 05-16)

နှစ်စဉ်ပြိုင်ပွဲဝင်ဦးရေ မြင့်တက်လာတဲ့ လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာပြသဖို့ ဒီနှစ်အတွက် ၃၁ ကားရွေးချယ်ထားပြီး အောင်ဆန်းစုကြည် International နဲ့ National ဆု၊ ဟံသာဝတီဦးဝင်တင်ဆု၊ မင်းကိုနိုင်ဆု၊ မတ် ၁၃ ဆု၊ ပီတာဝန်တော ဆုနှစ်ဆုနဲ့ ဘာကလက် ဟာဗယ် လိုက်ဘရီဆု စုစုပေါင်း ၇ မျိုး ချီးမြှင့်သွားမှာပါ။

လူငယ်တွေရဲ့ ပညာရေး၊ ဘဝအစရှိတဲ့ ဇာတ်လမ်းအစီအစဉ်တွေ ရိုက်ကူးချင်တယ်ဆိုတဲ့ ဒါရိုက်တာစိန်လျှံထွန်းက သင့်တော်ပြီး အကျိုးရှိနိုင်မယ့်အကြောင်းတွေ ရှာဖွေရိုက်ကူးတာဖြစ်တယ်လို့ ပြောပြပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး တစ်ခါတည်း အားလုံးရှင်းပြလို့မရလို့ မြင်သာထင်သာရှိတဲ့ ရုပ်ရှင်ကိုသုံးပြောပြရင်း ပြည်သူလူထု နားလည်သဘောပေါက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

comments powered by Disqus