Yangon

Today

81.9 F (27.7 C)

Tomorrow

81.9 F (27.7 C)

ဖြိုးပြည့်စုံ နိုဝင်ဘာအထိ မျှော်နိုင်သမျှ မျှော်ဦးမယ်
Posted by: Kamayut Media Admin on July 25, 2014 at 12:39 PM

၂ဝ၁ဝရဲ့ အကောင်းဆုံး မယ်လိုဒီဝေါလ်ဆုရှင် အဆိုတော် ဖြိုးပြည့်စုံ သူ့ရဲ့တစ်ကိုယ်တော် ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ မျှော်နိုင်သမျှကို ပရိသတ်လက်ထဲ လာမယ့် နိုဝင်ဘာအရောက် ထည့်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

သူ့ရဲ့ ဆရာရင်း တေးရေး ကေအေတီ မကွယ်လွန်ခင်ကတည်းက တစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်လာတာ တစ်နှစ်ကျော်လာချိန် အခုတော့ ပြီးစီးသလောက်ရှိနေပြီး အတီးကိုတော့ သူအရမ်းလေးစားတဲ့ Iron Cross တဲ့ တီးခတ်ထားပြီး သီချင်းအမျိုးအစားတွေကလည်း IC တီးလို့ အားရမယ့် သီချင်းမျိုးဖြစ်အောင် ကြိုးစားထားတယ်လို့ ကမာရွတ်ကို ပြောပါတယ်။

မျှော်နိုင်သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်ထဲမှာ ပြန်ဆိုနဲ့ ကိုယ်ပိုင်သီချင်း စုစုပေါင်း ၁၄ပုဒ်ပါဝင်မှာဖြစ်ပြီး Rock နဲ့ Pop ပုံစံတွေကို အနှေးအမြန် အလွမ်းနဲ့အသွက်တွေ ပုံစံစုံအောင် ကြိုးစားထားပြီး Featuring မှာတော့ မယ်လိုဒီဝေါလ်ရဲ့ အဆိုတော် ရွှေရည်ဖြိုးမောင်၊ ကျော်သီဟနဲ့ အဆိုတော် တင်ဇာမော်တို့ အားဖြည့်ထားတယ်လို့ ဆိုပါတယ်။

ငယ်ငယ်ကတည်းက အဆိုကို ဝါသနာပါခဲ့ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ဆေးတက္ကသိုလ်တက်ခဲ့ရပြီး ဆရာဝန်ဘွဲ့ရခဲ့ပေမယ့် ၂ဝ၁ဝမှာ မယ်လိုဒီဝေါလ်ပြိုင်ပွဲဝင်ရာက The Best of Melody World ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရလို့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ ဝါသနာတွေ အဆုံးစွန် ထကြွသောင်းကျန်းလာတာမို့ မျှော်နိုင်သမျှနဲ့ မှတ်တိုင်စိုက်ချင်တယ်လို့ ဆိုပါတယ်။

comments powered by Disqus