Yangon

Today

88.0 F (31.1 C)

Tomorrow

88.0 F (31.1 C)

Editor's Choice

စီးပွားရေးလုပ်တယ်ဆိုတာ နောက်မျိုးဆက်ကိုပါ ထည့်စဉ်းစားရမယ်
Posted by: Kamayut Media Admin on November 12, 2014 at 14:11 PM

ဆွီဒင်နိုင်ငံထုတ် ကမ္ဘာ့အဆင့် ထိပ်တန်း အဝေးပြေးခရီးသည်တင် ဘတ်စ်ကား Scania ကို မြန်မာနိုင်ငံအတွက် အဓိကတင်သွင်းနေတဲ့ Octagon International Services ကုမ္ပဏီရဲ့ Managing Directorဦးချမ်းမြက အချိန်တိုအတွင်း အောင်မြင်မှုရလာတာဟာ သုံးစွဲသူတွေအတွက် ရေရှည်အကျိုးအမြတ်ကိုကြည့်ပြီး ဦးစားပေးတာကြောင့်ဖြစ်တယ်လို့ ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။ ဦးချမ်းမြပြောတဲ့ ရေရှည်စီမံကိန်းဆိုတာ ဘာလဲ။

ကျနော်တို့ကုမ္ပဏီက Public Transportation လုပ်တာဖြစ်လို့ နံပါတ်တစ် ဦးစားပေးသည် Customer ဦးစားပေးဖြစ်ပါတယ်။ Customer ဆိုတာ အခုလက်ရှိ ဘတ်စ်ကားတွေဝယ်တဲ့သူတွေကိုတင် ခေါ်တာမဟုတ်ဘဲ ဘတ်စ်ကားသုံးစွဲသူ ပြည်သူတွေကိုပါ ခေါ်တာပါ။ ယဉ်မောင်းကစ ခရီးသည်အဆုံး လုံခြုံမှုနဲ့ စိတ်ချရတဲ့ အနေအထားနဲ့ ဆက်နွယ်နေပါတယ်”လို့ ရွှေတောင်ကုမ္ပဏီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Octagon International Services ကုမ္ပဏီက ဦးချမ်းမြက ပြောပါတယ်။

၂ဝဝ၇ ခုနှစ်ကစပြီး လုံခြုံမှုအဓိကပေးနိုင်ဖို့ ဘယ်မောင်း ဘတ်စ်ကားတွေကို မှာယူပြီး ကားအတွင်းမှာ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားရေးစံပြအဖြစ် လူမှုတာဝန်သိတတ်မှုလို့ခေါ်တဲ့ Corporate Social Responsibility -CSR ကို အဓိကကျောရိုးထားပြီး လိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေးနေတယ်လို့ ရှင်းပြပါတယ်။

လာမယ့်ကားတွေမှာရင် Alcoholic ကို စစ်တဲ့ Lock Tester ဆိုတာ ပါလာပါမယ်။ စက်မနှိုးခင် အရက်သောက်ထားတာ ရှိ၊ မရှိ။ စက်မနှိုးခင်မှာ Device တွေကနေ စမ်းသပ်ပါမယ်။ အရက်သောက်ထားတာ မရှိမှ ကားတွေကို စက်နှိုးလို့ရအောင်လုပ်တဲ့စနစ်နေတွ ပါလာမယ်။ Customer တွေက တောင်းဆိုမှု တိုက်ရိုက်ရှိချင်မှ ရှိပါလိမ့်မယ်။ တစ်ချို့ဟာတွေက ကျနော်တို့ကိုယ်တိုင် မိတ်ဆက်ပေးရမယ့် ဟာတွေရှိတယ်။ ဘတ်စ်ကားပိုင်ရှင်တွေက ဒီအစီအစဉ်ကို အရမ်းအားပေး ထောက်ခံကြပါတယ်”

သူတို့အနေနဲ့ CSR အစီအစဉ်ကို အချက် ၃ချက်ဖြစ်တဲ့ သုံးစွဲသူဦးစားပေးရေး၊ တစ်ဦးချင်းစီကို လေးစားရေးနဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားရေးကို ဦးစားပေးလုပ်ကိုင်နေပြီး CSR ဆိုတာ အလှူမဟုတ်တဲ့အကြောင်း၊ လှူလိုက်လို့ အကျိုးရှိပြီး စိတ်ချမ်းသာမှုဖြစ်ပေမယ့် စဉ်ဆက်မပြတ် ရေရှည်အကျိုးရှိဖို့ လုပ်ပေးနိုင်တဲ့ စနစ်ဖြစ်မှသာ CSR ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ ဆက်သွယ်ပြီးတော့မှ ပတ်ဝန်းကျင် ဒီဒေသမှာ အလုပ်တစ်ခုလုပ်ရင် အဲဒီဒေသက နေထိုင်သူ ဘယ်သူ့ကိုမဆို အကျိုးပြုတဲ့လုပ်ငန်းတွေ ဖြစ်ဖို့လိုတယ်။ ရေရှည်တိုးတက်မှုရှိနိုင်တဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုးကို တည်ထောင်ပေးရမယ်။ အဲလိုလုပ်တဲ့အခါ ရှိသမျှဝင်ငွေကို တစ်ကြိမ်တည်း သုံးလိုက်လို့မရပါဘူး။ ဝင်ငွေထဲက အစိတ်အပိုင်းတစ်ခုကိုယူပြီး သတ်သတ်မှတ်မှတ် အသုံးချဖို့လိုပါတယ်”လို့ ဦးချမ်းမြက ဆိုပါတယ်။

ကျနော်တို့ ဒီနေ့လုပ်တဲ့အရာတွေ အားလုံးသည် ကျနော်တို့မျိုးဆက်တစ်ခုအတွက်တင် မဟုတ်ပါဘူး။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ Long Time Plan တွေ အများကြီးရှိပါတယ်။ ၅နှစ်၊ ၁ဝနှစ် စသဖြင့်ပေါ့။ နောက်မျိုးဆက်အတွက်ပါ စဉ်းစားဖို့လိုပါတယ်။ Scania အနေနဲ့ Dealer Operator Standard အနေနဲ့ သတ်မှတ်ထားပေမယ့် သူတို့သတ်မှတ်ထားတာကြောင့်ထက် ကိုယ်ကိုတိုင်ကလည်း လုပ်သင့်တယ်ထင်လို့ လုပ်တာပါ”

comments powered by Disqus